အေးစက်မှုအတိနဲ့ အဓိပ္ပါယ်မဲ့ဘ၀ကို ကဗျာဆန်တဲ့ အိပ်မက်လေးအဖြစ် ခံစားကြရအောင် . . .
ရဲလေးရေးတဲ့ ကဗျာတစ်ပုဒ် 5:12 AM

ကျေးဇူးပါ . . . မင်းကို


ရိုးသားတဲ့အကြည့်

နှစ်လိုဖွယ်အပြုံးနဲ့
ခင်မင်ခွင့်ရတဲ့အတွက်
ကျေးဇူးပါ ... မင်းကို

အရှုံးပေးတတ်တဲ့ ငါ့ရဲ့စိတ်ကို
အနိုင်တွေကြားထဲ တွန်းပို့ပေးခဲ့
ငါ့ရဲ့အောင်မြင်မှုတွေအတွက်
ကျေးဇူးပါ ... မင်းကို

ငိုရှိုက်နေတဲ့ ငါ့နှလုံးသားကို
မျက်ရည်လာသုတ်ပေးတဲ့
မျှော်လင့်ခြင်းနှစ်သိမ့်မှုတွေအတွက်
ကျေးဇူးပါ ... မင်းကို

မမေ့ဘူး ... ဘယ်တော့မှလဲမေ့မှာမဟုတ်ဘူး
မတွေ့ဘူး ... ဘယ်တော့မှလဲတွေ့မှာမဟုတ်ဘူး
ခွင့်လွှတ်ခြင်းတွေနဲ့ နားလည်ပေးတဲ့အတွက်
ကျေးဇူးပါ ... မင်းကို

0 comments: