အေးစက်မှုအတိနဲ့ အဓိပ္ပါယ်မဲ့ဘ၀ကို ကဗျာဆန်တဲ့ အိပ်မက်လေးအဖြစ် ခံစားကြရအောင် . . .
မိခင်တစ်ယောက်ရဲ့ အလွမ်းဖြေစာ 6:59 PM



ချစ်လှစွာသောကလေးရေ၊ မေမေဒီစာကိုနှေးနှေးလေးရေးနေပါတယ်၊
မေမေ့သားက စာဖတ်တာမမြန်မှန်းသိလို့ပါ။
(စာနှေးနှေးရေးတာနဲ့ စာဖတ်မမြန်တာ ဘာဆက်စပ်လို့လဲ)

မေမေတို့အခုအိမ်ပြောင်းသွားခဲ့ပြီနော်၊ ဒါပေမဲ့ အိမ်နံပါတ်ကတော့အရင်အတိုင်းပဲ
အိမ်ပြောင်းရင်း အိမ်နံပါတ်ပြားကိုတပါတည်းယူလာခဲ့တာ။ အဲ့ဒီအတွက် ပြန်လာတဲ့အခါအရင်အိမ်နံပါတ်နဲ့ပဲရှာလို့ရပါတယ်၊
(ခင်ဗျားကြီး ဘယ်ပြောင်းသွားတယ် ဘယ်သိမှာလဲ -_-b)

ဒီတစ်ပတ်ကိုဒီမှာမိုးနှစ်ခါရွာလိုက်သေးတယ်၊ ပထမတစ်ခါက သုံးရက်နဲ့
နောက်တစ်ခါက လေးရက်တောင်ရွာတာ . .
(နောက်ပြန်ပီကွာ၊ တစ်ပတ်လုံးရွာရင် တစ်ပတ်လုံးပေါ့ကွာ)

မနေ့က မေမေနဲ့ ဖွားဖွား Cafe City သွားပြီး Pizza သွားမှာစားတဲ့အခါ Waiter က 8ခုခွဲမှာလား 12ခုခွဲမှာလားတဲ့
သားရဲ့ချွေတာတတ်တဲ့ဖွားဖွားက 8ခုပဲခွဲလိုက်ပါတော့တဲ့၊ 12ခုဆိုမေမေတို့နှစ်ယောက်မကုန်မှာစိုးလို့တဲ့။
(ဘယ်လောက်ခွဲခွဲတူတူပဲကို)

အင်း၊ အဲ့ဒီ Cafe City က Pizza မဆိုးဘူးနော်၊ အဲ့ဒါကြောင့်နောက်တစ်ပတ်တစ်အိမ်လုံး JJ မှာ အမဲသားဘို့ သွားစားကြမလို့။
(pizza မဆိုးတာနဲ့ အမဲ့သားဘို့သွားစားမှာနဲ့ ဘာဆိုင်လို့လဲ)

ဒါနဲ့ သားအဲ့ဒီက ဒေါ်လေးပို့ခိုင်းလိုက်တဲ့အနွေးထည်လေ၊ ပို့တဲ့အခါ အရမ်းလေးနေမှာစိုးလို့
မေမေတို့ကြယ်သီးကိုဖြုတ်လိုက်ပြီး အဲ့ဒီအနွေးထည်ရဲ့ အိတ်ကပ်ထဲမှာထဲ့ထားတယ်နော် . .
(ဒါနဲ့ပေါ့သွားရောလား)

အင်း၊ နင့်အစ်မကြီးလဲ ဒီနေ့မနက်ပဲမွေးသွားပြီ၊
ကောင်လေးလား ကောင်မလေးလားမေမေလဲမသိသေးတော့
သားက ဦးလေးလုပ်ရမလား ဒေါ်ဒေါ်လုပ်ရမလားမသိသေးဘူးကွာ
(ယောက်ျားက ဒေါ်ဒေါ်ရှိလို့လား)

မေမေတို့ ဒီရက်ပိုင်းအလုပ်မရှိဘူး၊ နောက်ကိုစာပြန်ရေးပေးမှာပါ၊

ps. မေမေတို့အစက ပိုက်ဆံပို့ပေးမလို့ပဲ၊ ဒါပေမဲ့ စာအိတ်ကပိတ်ပြီးသွားပြီကွယ်၊ နောက်တစ်ခေါက်ပေါ့နော် . .
(စာအိတ်ပိတ်ပြီးသွားပြီဆို ခင်ဗျားကြီးတော် နောက်ဆုံးစာတကြောင်းက ဘယ်လိုများရေးတာလဲ)


0 comments: