
ဒိုင်ယာရီ
ကျွန်တော်နှင့် သက်ဆိုင်သော |
ဘော်ဒါများအညွှန်း
|

| ကျားပေါက်ဖန်တီးထားသော အင်္ဂလိပ်ပန့်ခ်သီချင်းများ | 5:38 AM |
|
Filed under:
သီချင်းများ
|
|

ဂီတလောကအတွင်း ကိုယ်ပိုင်တီး ၀ိုင်းနှင့်အောင်မြင်စွာရပ်တည်နေ နိုင်သည့် အဆိုတော်ဟန်ထူးလွင် (ကျားပေါက်)မှ ၎င်းင်းဖန်တီးထား သည့် ဂီတများအား နိုင်ငံတကာ ဈေးကွက်သို့ထိုးဖောက်နိုင်ရန်အ တွက် ကြိုးပမ်းလျက်ရှိကြောင်း သိ ရှိရသည်။
Big Bag အဖွဲ့အမည်ဖြင့် ဂီတနယ်ပယ်အတွင်း ပန့်ခ်သီချင်း အမျိုးအစားများဖြင့် အောင်မြင်မှု ရခဲ့သော ဟန်ထူးလွင်သည် ယင်း သို့ထိုးဖောက်နိုင်ရန်အတွက် ၎င်းင်း ကိုယ်တိုင်ဖန်တီးထားသည့် အင်္ဂလိပ် စာသားများဖြင့် ရေးစပ်ထားသော သီချင်းများကို အင်္ဂလန်၊ ပြင်သစ်၊ စင်ကာပူ၊ ဂျာမနီစသည့် နိုင်ငံများ ရှိ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။
““ကျွန်တော့်သီချင်းတွေနဲ့ ပတ်သက်ပြီး သတင်းတွေအမျိုးမျိုး ရေးနေကြတယ်။ အင်္ဂလန်မှာဖြန့် နေပြီတို့ဘာတို့၊ အမှန်ကကျွန်တော် ခွေတွေကို ဟိုမှာပေးထားတုန်းအ ဆင့်ပဲရှိသေးတယ်။ အများကြီး ညှိ နှိုင်းစရာတွေလည်း ကျန်ပါသေး တယ်။ အဆင်ပြေရင်တော့ ဖြန့် ဖြစ်မှာပါ””ဟု Big Bagအဖွဲ့၏ ဦးဆောင်သူတစ်ဦးလည်းဖြစ်သူ အဆိုတော်ဟန်ထူးလွင်က 7 Day News သို့ပြောကြားသည်။
အခုလက်ရှိတွင် အထက်ပါ နိုင်ငံများရှိ တေးစီးရီးထုတ်ဝေရေး ကုမ္ပဏီများသို့ ယင်းအခွေကို ပေး ပို့ထားပြီးဖြစ်ကာ ဆက်လက်၍ မှတ်ပုံတင်ရန်နှင့်မူပိုင်ခွင့်ပြုလုပ်ရေး စသည့် လုပ်ငန်းများကို ဆက် လက် ညှိနှိုင်းရဦးမည်ဖြစ် ကြောင်း ၎င်းင်းက ဆက် လက် ရှင်းပြသည်။
အင်္ဂလိပ်စာသားဖြင့် စီစဉ်ထားသောယင်းအခွေ သည် လွန်ခဲ့သည့် တစ် နှစ်ခန့်ကတည်းက အင် တာနက်ပေါ်တွင် အခမဲ့ရယူခွင့် ပေးထားပြီး၊ သီချင်းအပုဒ်ရေ စုစု ပေါင်း ၁၀ ပုဒ်ပါဝင်ထားကြောင်း သိရသည်။
(Planet မှကူးယူထားခြင်းဖြစ်သည်။)
BigBag - The Sun Factory (Click to Download)

© 2009 song-အိပ်မက်လေး
Designed by အိပ်မက်လေး
BloggerTricks.com မှ Blogger template အဖြစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ပါသည်။
0 comments:
Post a Comment