
ဒိုင်ယာရီ
ကျွန်တော်နှင့် သက်ဆိုင်သော |
ဘော်ဒါများအညွှန်း
|

| ရသ | 4:45 AM |
|
Filed under:
Rap သီချင်းများ
|
|

တစ်ခါတုန်းက(သို့)ရန်ကုန်မိုးမှာ လူတော်တော်များများသိလာကြပြီး ... ရေပန်းစားလာတဲ့ အဆိုတော်တစ်ယောက်ကဘယ်သူလဲဆိုရင် အားလုံးသိမှာပါ၊ 'ရသ' ဆိုတဲ့တစ်ကောင်ကြွက်ဟာ HipHOp ရေစီးကြောင်းထဲမှာမျောပါစီးဆင်းနေခဲ့တာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကထဲပါ၊ ကြားထဲမှာ လူသိများတာက 'ပေးဦးနော်'တုံးက FireCracker အဖွဲ့အနေနဲ့ဆိုခဲ့တာရယ်၊ 'မင်းအတွက်1' ထဲမှာ LRC အဖွဲ့အနေနဲ့ ဆိုခဲ့တာတွေရယ်က R&B ပရိသတ်လူငယ်တွေတော်တော်များများရဲ့ ရင်ကို တော်တော်ရူးရူးမူးမူးဖြစ်စေခဲ့ပါတယ်၊
ပထမ Solo Album ကို 'ကိစ္စမရှိဘူး' နာမည်နဲ့ ထွက်ရှိခဲ့ပေမဲ့ လူသိရှင်ကြားကြီးတော့မရှိခဲ့ပါဘူး၊ 2005 မှာ လင်းပင်ဟိန်းနဲ့အတူတွဲထုတ်ခဲ့တဲ့ 'မှတ်တမ်းဟောင်း'မှာတော့ လူတော်တော်များများသိလာကြပါပြီ၊ ထပ်တစ်ဖန် သူ့ရဲ့ ဒုတိယ Album ဖြစ်တဲ့ 'မြန်မာပြည်တွင် လုပ်သည်' ကို 2007 အလယ်ပိုင်းလောက်မှာ ထွက်ရှိခဲ့တဲ့အခါ သူ့ရဲ့ own tune တွေနဲ့ own words လေးတွေဟာ လူငယ်တွေအတွက်တော့ စွဲစွဲလန်းလန်းကိုခံစားစေခဲ့ပါတယ်၊ ယခုတစ်ဖန်သူ့ရဲ့ Album အသစ်ကိုတလောက အွန်လိုင်းမှာတင်ထားတာတွေ့တဲ့အခါ စိတ်ဝင်စားစွာနဲ့ နားထောင်ဖြစ်ခဲ့ပါတယ်၊ တော်တော်လန်းပါတယ်၊ ဒီခွေမှာတော့ R&B တွေမဟုတ်တော့ဘဲ HipHop ကြီးပဲ သီးသန့်ဆိုထားတာကိုတွေ့ရပါတယ်....
*ရသ - 'LORD OF THUG'
*ရသ - ကိစ္စမရှိဘူး
*ရသ - မြန်မာပြည်တွင်လုပ်သည်
*ရသ + လင်းပင်ဟိန်း - မှတ်တမ်းဟောင်း
*ရသ + ထိန်ဝင်း + Bigg-Y - Underground Sample
ဟိုဟိုဒီဒီသီချင်းများ
*ရသ(feat:Jenny) - နောက်ထပ်တွေ့ဖြစ်ရင် (မင်းအတွက်3)

© 2009 song-အိပ်မက်လေး
Designed by အိပ်မက်လေး
BloggerTricks.com မှ Blogger template အဖြစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ပါသည်။
0 comments:
Post a Comment